"ကစ္ဆပနဒီ (၃)" ခရီးသည်တင် အမြန် ရေယာဉ်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံ၏ Grant Aid for the Economic and Social Development Program 2016" အစီအစဉ်ဖြင့် ဂျပန် ပြည်သူများက ပေးအပ် လှူဒါန်းသည့် ငွေ ဂျပန်ယန်း သန်း (၁၀၀၀) တန်ဘိုးရှိ "ကစ္ဆပနဒီ (၃)" ခရီးသည်တင် အမြန် ရေယာဉ်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ ‌နေ့ခင်း (၂:၀၀) နာရီ အချိန်၌ ရန်ကုန်မြို့၊ အထက် ပန်းဆိုးတန်းလမ်းရှိ၊ Rose Garden Hotel ၊ စွယ်တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးသန့်စင်မောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဉီးညီပု၊ ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MLIT) နှင့် Cabinet Office of Japan မှ Parliamentary Vice-Minister H.E. Mr. Masashi ADACHI ၊  မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Ichiro MARUYAMA ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဉီးကျော်မျိုး၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဉီးဆောင် ညွှန်ကြားရေးမှူးများ၊ JICA Myanmar Office မှ Chief Representative Mr. Masayuki KARASAWA၊ MLIT ၊ JICS တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးသန့်စင်မောင်နှင့် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism(MLIT) နှင့် Cabinet Office of Japan မှ Parliamentary Vice-Minister H.E. Mr. Masashi ADACHI တို့က အမှာစကား ပြောကြားပြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဉီးညီပုက ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် ကစ္ဆပနဒီ (၃) ခရီးသည်တင်အမြန် ရေယာဉ်သစ် တည်ဆောက်မှု မှတ်တမ်း ဗွီဒီယိုကို ပြသသည်။ ဆက်လက်ပြီး ဂျပန်နိုင်ငံ Parliamentary Vice-Minister of Land, Infrastructure, Transport, and Tourism, Parliamentary Vice-Minister of Cabinet Office က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသို့ "ကစ္ဆပနဒီ (၃)" ခရီးသည်တင် အမြန် ရေယာဉ်သစ် လွှဲပြောင်း ပေးအပ်ခြင်း အထိမ်းအမှတ် ရေယာဉ် ပုံစံငယ်အား ပေးအပ်သည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးက အမှတ်တရ လက်ဆောင် ပစ္စည်းအား ပြန်လည် ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး တို့ကို လည်းကောင်း အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး၊ စုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးခဲ့သည်။

ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ (၃)” ရေယာဉ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Sumidagawa Shiyard Co., Ltd တွင် အသစ် တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရေယာဉ်၏ ကိုယ်ထည်ကို  High-Tensile Strength Steel & Aluminum Alloy ဖြင့် တည်ဆောက် ထားပြီး၊ အလျား (၃၄.၇၁) မီတာ၊ အနံ (၆.၀) မီတာ၊ စောက် (၂.၇) မီတာနှင့် ရေစူး (၁.၂၆) မီတာ ရှိကာ၊ ခရီးသည် (၁၅၀) ဦးနှင့် ရေယာဉ် ဝန်ထမ်း (၁၀) ဉီး တင်ဆောင်နိုင်ပြီး၊ တစ်နာရီလျှင် ရေမိုင် (၂၀) မိုင်နှုန်းမှ (၂၅) မိုင်နှုန်းအထိ မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန် ရေယာဉ် ဖြစ်ကြောင်း သိရသည်။
 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3