မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန် များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မတ်လ၏ ပျမ်းမျှအပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်လျော့နည်း ခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များ မှာ ချောက်မြို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်နှင့် တောင်ငူမြို့၊ ဘော်လခဲမြို့၊ ဘားအံမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် သိမ်ဇရပ် မြို့တို့တွင် (၃၈)ဒီဂရီစင်တီဂရိတ် စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုးကောင်းမြို့တွင် (၀.၁၂)လက်မနှင့် ကသာမြို့နှင့် တမူးမြို့တို့တွင် (၀.၀၈) လက်မစီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက် လက် ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၇.၀)ဒီဂရီစင်တီဂရိတ် (၉၉)ဒီဂရီဖာရင်ဟိုက် (၀၅ - ၀၃ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၁၉.၀)ဒီဂရီစင်တီဂရိတ် (၆၆)ဒီဂရီဖာရင်ဟိုက် (၀၆ - ၀၃ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၅၄)ရာခိုင်နှုန်း (၀၆ - ၀၃ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၀၆ - ၀၃ - ၂၀၂၀)
နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၆.၀)ဒီဂရီစင်တီဂရိတ် (၉၇)ဒီဂရီဖာရင်ဟိုက် (၀၅ - ၀၃ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၁၇.၆)ဒီဂရီစင်တီဂရိတ် (၆၄)ဒီဂရီဖာရင်ဟိုက် (၀၆ - ၀၃ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၂)ရာခိုင်နှုန်း (၀၆ - ၀၃ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၀၆ - ၀၃ - ၂၀၂၀)
မိုးရေချိန် |
|||
ရက်စွဲ |
နေပြည်တော် |
ရန်ကုန်(ကမ္ဘာအေး) |
မန္တလေး |
၆ - ၃ - ၂၀၂၀ |
မရှိပါ |
မရှိပါ |
မရှိပါ |
၁- ၁-၂၀၂၀ မှ ယနေ့အထိ |
(၀.၀၄)လက်မ |
မရှိပါ |
(၀.၉၅)လက်မ |
နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ(၆-၃-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၃)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။