Coronavirus Disease (COVID-19) ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းသွား ရေယာဉ်များ စနေနေ့နှင့် တနင်္ဂနွေနေ့ အစိုးရရုံး ပိတ်ရက်များတွင် တစ်ရက်လျှင် (၂၄)ခေါက်သို့ လျော့ချ ပြေးဆွဲခြင်း။

၁။        Coronavirus Disease (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် တားဆီး နိုင်ရေးအတွက် ၁၁.၉.၂၀၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်၊ တိုင်း ဖြတ်ကျော်သွားလာခြင်းများကို ပိတ်ထားပြီး၊ ဒလမှ ဧရာဝတီတိုင်း ဒေသကြီးသို့ဆက်သွယ်သည့် မော်တော် ယာဉ်လိုင်းများ ပိတ်ထားပါသဖြင့် မြစ်ဝကျွန်းပေါ်ဌာနခွဲမှ ပြေးဆွဲပေးလျက်ရှိသည့် ပန်းဆိုးတန်းဒလ ကူးတို့လမ်းသွားရေယာဉ်များတွင် ခရီးသည်လိုက်ပါမူ လွန်စွာနည်းပါးလာခြင်းကြောင့် ၁၂.၉.၂၀၂၀ ရက်နေ့ မှစတင်၍  ကာကွယ်ထိန်းချုပ်တားဆီးရေးကာလ ပြီးဆုံးသည်အထိ လက်ရှိပြေးဆွဲပေးနေသည့် တစ်နေ့ ခေါက်ရေ (၄၆)ခေါက်မှ တစ်နေ့ (၃၀)ခေါက် သို့ လျော့ချပြေးဆွဲလျှက်ရှိပါသည်။

၂။         ယခုအခါ ခရီးသည်လိုက်ပါမှု လွန်စွာနည်းပါးနေသဖြင့် စနေနေ့နှင့် တနင်္ဂနွေနေ့ အစိုးရရုံး ပိတ်ရက်များတွင် တစ်ရက်လျှင် (၂၄)ခေါက်သို့ လျော့ချ ပြေးဆွဲသွားမည် ဖြစ်ပါသည်။