ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် တန် ၁၅၀၀ တင်ဆောင်နိုင်သည့် တွဲရေယာဉ်သစ် (၂)စီး တည်ဆောက်ပြီးစီးမှုအခြေအနေ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရေယာဉ်အတိုင်းအတာ (၂၁၆' x ၅၀' x ၁၀')ရှိ တန် ၁၅၀၀ တင်ဆောင်နိုင်သည့် တွဲရေယာဉ်သစ် (၂)စီးဖြစ်သော (တ-၁၅၀၉) နှင့် (တ-၁၅၁၀) တို့ကို ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် တည်ဆောက်လျှက်ရှိရာ (၈.၁၀.၂၀၂၁)ရက်နေ့တွင် (၉၀%) ပြီးစီးပြီ ဖြစ်ပါသည်။