ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ ရေယာဉ်ခရီးလမ်းများပုံမှန်ပြေးဆွဲပေးလျှက်ရှိခြင်း
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲရှိ အောက်ဖေါ်ပြပါ ရေယာဉ်ခရီးလမ်းများအား ပုံမှန်ပြေးဆွဲပေးလျှက်ရှိပါသည်-
စစ်တွေ-မြေပုံ- ကျောက်ဖြူ ခရီးလမ်း
စစ်တွေ-မြေပုံ- ကျောက်ဖြူ ခရီးလမ်း အား တစ်ပတ်လျှင်(၁)ခေါက် (ဗုဒ္ဓဟူး) နေ့ရက်တွင် ကစ္ဆပနဒီ-၁ ရေယာဉ်ဖြင့် စစ်တွေဆိပ်ကမ်းမှနံနက်(၀၆:၃၀) အချိန် တွင် စတင်ထွက်ခွာပြီး၊ မြေပုံဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး၊ ကျောက်ဖြူ ဆိပ်ကမ်းသို့ (၁၄ : ၀၀) အချိန်တွင် ရောက်ရှိပါသည်။

စစ်တွေ-ကျောက်ဖြူ (တိုက်ရိုက်) ခရီးလမ်း
စစ်တွေ-ကျောက်ဖြူ (တိုက်ရိုက်) ခရီးလမ်းအား တစ်ပတ်လျှင် (၁) ခေါက် (စနေ) နေ့ရက်တွင် ကစ္ဆပနဒီ-၃ ရေယာဉ်ဖြင့် စစ်တွေဆိပ်ကမ်းမှ နံနက်(၀၆:၃၀) အချိန်တွင် စတင်ထွက်ခွာပြီး၊ ကျောက်ဖြူဆိပ်ကမ်းသို့ (၁၂ : ၃၀) အချိန်တွင်ရောက်ရှိပါသည်။ ယခုအခါ မိုးတွင်းကာလဖြစ်၍ ခရီးလမ်းအား ယာယီရပ်နားထားပါသည်။

စစ်တွေ-ဘူးသီးတောင်ခရီးလမ်း
စစ်တွေ-ဘူးသီးတောင် ခရီးလမ်းအား တစ်ပတ်လျှင် (၃) ခေါက် (အင်္ဂါ၊ ကြာသပတေး၊ စနေ) နေ့ရက်များတွင် အောင်တံခွန် ရေယာဉ်များဖြင့် စစ်တွေ ဆိပ်ကမ်းမှ နံနက်(၀၆:၃၀)အချိန်တွင် စတင်ထွက်ခွာပြီး၊ ရသေ့တောင်၊ ညောင်ချောင်း ဆိပ်ကမ်းစဉ်အလိုက်ဆိုက်ကပ်ပြီး၊ ဘူးသီးတောင်ဆိပ်ကမ်းသို့ (၁၇:၀၀)အချိန်တွင် ရောက်ရှိပါသည်။

ကျားမသောက်(ရေချမ်းပြင်) - အငူမော် ကားဇက်ကူးတို့လမ်း
ကျားမသောက်(ရေချမ်းပြင်) - အငူမော် ကားဇက်ကူးတို့လမ်းအား ဇက်-၂၀၃ ရေယာဉ်ဖြင့် ကျားမသောက်ဆိပ်ကမ်းမှ နေ့စဉ် နံနက် (၀၇:၃၀) အချိန်တွင် စတင် ထွက်ခွာပြီး၊ အငူမော်ဆိပ်ကမ်းသို့ (၈:၂၀) အချိန်တွင် ရောက်ရှိပါသည်။
